Tuesday, 10 April 2012

BEHS ...Ngathainggyaung



အခုလို ကျောင်းကို ပြန်မတတ်နိုင်တော့တဲ့ အချိန်ကျမှ ကျောင်းကြီးကို ပြန်တချင်နေမိတယ် ..ငယ်ငယ်တုန်းကတော့ ကျောင်းပြေးပြီး ဂိမ်းဆော့တယ် ဘောကန်တယ်.. တချို့ ကျတော့လည်း အိမ်မှာ စာကျိတ်ဖတ်တာပေါ့ ..အဲဒိအထဲမှာ ကျွန်တော်မပါတာတော့ သေချာတယ် :P
ကျွန်တော်တို့  ကျောင်းကြီးက အင်္ဂလိပ်စာလုံး " E " ပုံစံရှိတယ် ဟယ်လီကော်ပတာ ကြည့်ရင်တော့ မြင်ရမှာပေါ့ .. ကျွန်တော်တော့ မကြည့်ဖူးဘူး အဲလိုကျောင်းပုံစံမျိုး တခြားမြို့ တွေ မှာလည်း ရှိသေးတယ် .. ဘယ်မြို့ တွေလဲတော့ သေချာမသိဘူးဗျ..
ကျွန်တော်ကျောင်းကြီးမှာ ငါးတန်းကနေ ဆယ်တန်းထိ တတ်ခဲ့တယ် .. အလွန်ပျော်စရာကောင်းတဲ့ နေ့ ရက်တွေကို ဖြတ်သန်းခဲ့ရတယ် .. တစ်နှစ်ပြီးလို့  နောက်တစ်နှစ် နောက်တစ်တန်းကို ပြောင်းသွားတဲ့ စာသင်နှစ် အစပိုင်းတွေဆို အရမ်းပျော်ဖို့  ကောင်းတယ် ..ကျောင်းသားတွေကလည်း သိပ်မစုံသေးလို့  စာလည်း မသင်ရသေးဘူး ..အကုန် လွှတ်ပျော်တာပေါ့..သန့် ရှင်းရေးချိန် မြတ်နှုတ်ခိုင်းရင်လည်း ပျော်တာပဲ ( စာမသင်ရလို့  ) ကာယလုပ်တဲ့အချိန်တော့ သိပ်မပျော်ဘူး .ကာယဆရာဖြစ်နေလို့  ( ဆရာမဆို ဟုတ်သေး ) ..ပြီးတော့ သူက ဟောက်သေးတယ်ဗျ...ညစ်ပါ့..
ဘာပဲဖြစ်ဖြစ်ပါ.. ကျောင်းကြီးမှာ တတ်ဖူးတဲ့သူတိုင်း .. ကျောင်းပြန်တတ်လို့ ရမယ် ဆိုရင် ပြန်တက်ကျမဲ့ သူတွေချည်းပဲ
တကယ်ကို ပျော်စရာကောင်းတယ်ဗျာ

No comments:

Post a Comment