
ဒီပုံကို တွေ့ ရင် ကျောင်းသား တော်တော်များများ မှတ်မိလိမ့်မယ်လို့  ထင်ပါတယ် ...ကျွန်တော့ အစ်ကိုတွေ ဦးလေးတွေ လက်ထက်ကတည်းက ဒီမန်းကျည်းပင်နဲ့  ပက်သက်ပြီး သမိုင်းတွေ ရှိခဲ့ကြတယ် .. မန်းကျည်းသီး သီးချိန်ဆို ကျောင်းသားတွေ သူ့ ထက်ငါ လက်စွမ်းပြကြတာ ပြောမနေနဲ့  .. အုတ်ခဲရှိရင် အုတ်ခဲနဲ့  ပစ်ချတယ် .. ထင်းချောင်းတွေ့ ရင် ထင်းချောင်းနဲ့  ပစ်ချတယ် ..လေတိုက်နေတဲ့ အချိန် အပင်အောက်ကို မသွားရဲဘူး.. အပင်ပေါ်မှာ တင်နေတဲ့ ခဲတွေ တုတ်တွေ ထိပ်ပေါ်ပြုတ်ချရင် မစားသာဘူး ..ကျွန်တော့တို့ ကတော့ ခံရပေါင်းလည်း များပြီ ... မှတ်လည်း မှတ်နေပြီ ..မိန်းကလေးတွေတော့ မစားရဘူးဗျ .. ဒီမန်းကျည်းပင်က ယောင်္ကျားလေး အိပ်သာနားမှာ ဆိုတော့ .. နည်းနည်း ရှော့ရှိတယ် ..အိပ်သာနားက အပင်မို့ လို့ လည်း မန်းကျည်းသီးက ရှယ်ပဲ ချိုလိုက်တာမှ ..ပါဝါသကြား လှည့်ပြန်သွားမယ်...သယ်ရင်းတို့ လည်း စားချင်ရင်တော့ ငါးသိုင်းချောင်းကို လာခဲ့ပေါ့
No comments:
Post a Comment