Saturday, 7 April 2012

ကံကြမ္မာ

ခွဲချိန်တန်လို့  ခွဲရပေမဲ့
အလှမ်းကွာဝေးရမှာမို့ 
လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ...

တွေ့ ဆုံကြုံကွဲ ..ရှိမြဲ ဆိုပေမဲ့
ရုတ်တရက် ခွဲရပြန်တော့
နှုတ်မဆက်ရဲတာက အသည်းနာမှာ
ကြောက်လို့ ပါ

ကွဲကွာမဲ့ ရက်ရှည်လေးတွေ အတွက် ...
ဝဲလာမဲ့ မျက်ရည်လေးတွေက
ကံကြုံရင် ပြန်ဆုံစေဖို့ 
ဆုတောင်းပေးလိုက်တယ် ..ချစ်သူရယ်

, My Creation

No comments:

Post a Comment